Saturday, January 14, 2012

ဆောင်းတွင်းအိပ်မက်



မနေ့တုန်းကပေါ့ဗျာ သံခေါင်ယံညတ၀က်လောက်လို့တော ထင်တာပဲ ပျော်စရာကောင်းလိုက်တာတော ပြောမနေနဲ့ မိုးပေါ်မှာ “ မီးအိမ်” လေးနဲ့ ပျံဝဲးလို့ဗျာ တရုတ်သိုင်းကား ထဲက မင်းသားလေး လို လို မြန်မာရာဇ၀င်ထဲက “ဇော်ဂျီ”  လို လို  ကို ကိုယ် အောက်မေးရတယ်ဗျာ ကောင်းလိုက်တဲ့အရသာ သိပ်မကြာလိုက်ပါဘူး ကျနော် အိပ်မက်ထဲ ချစ်သူလေး လှမ်းခေါ်တော လှည့်ကြည့်တစ်ချက်မှာပဲ မြေပေါ်ကို ပြုတ်ကျတာဗျာ စစ်တလင်းကြီးရောက်သွားလိုက်တာ ဟာ, ဟို့ကသေနပ်သံ ဒီကပြောင်ဝံနဲ့ အနားခွေးတွေ တောင် ထဟောင်လိုက်သေရဲ့ ကျနော်ကြောက်လိုက်တာ မပြောလိုက်နဲ့ဗျာ သွေးတွေက နီရဲနေတာပဲ လူမဲ နဲ့ လူဖြူနဲ့ ဖြစ်နေကြတဲ့စစ်ပွဲးဆိုတော ကျနော်လည် ဘယ်ကနေ့ ဘယ်လို ၀င်ပါရမှန်မသိ ဘယ်နေရာနေ ထွက်ပြေရမှန်မသိတာနဲ့ မျက်စိမှိတ်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီးတော အနားမှာရှိတဲ့ဟာ တစ်ခုလှမ်းဆွဲးလိုက်တာဗျာ မုတ်ဆိပ်ဖွားဖွားနဲ့ ကုလားတစ်ယောက်က “ဟေ မင်းမြန်မာနိုင်ငံကဆိုရင် ငါအလုပ်ပေးစရာရှိတယ်တဲ့” ကျနော်လဲဘာမှန်ညာမှန်မသိ အူးအူးကြောင်ကြောင်နဲ့ ဒါနဲ့ ခင်ဗျာက ဘယ်သူတုန်း မေးလိုက်တော ငါနာမည် “ ဘင်လာဒင်တဲ့ “ ဟာ သွားပြီး ဘင်လာဒင် အိုဗားမားသတ်လို့ သေသွားပြီး ဘယ်လို့လုပ်ပြီးကျန်နေသေတာတုန် ခဏအကြာတော “ဆန်ဒင်ဟူစိန်ကို” တရုပ်က အမေရိကန်ဆန့်ကျင်းရေ အစိုးရသစ် တစ်ရပ် တာဝင်ပေးလိုက်ကြောင်း နေတိုးတပ်ဖွဲ့ဝင်တစ်ဦးက လာတိုင်းကြားလာသည် သိပ်မကြာပါဘူး “ စိန်သိန်း” ကိုယ်စလှယ်အဖွဲ့ “ ဘင်လာဒင်နဲ့” သားရေးသမီးရေကိစ္စ ဆွေးနွေးရန်ရောက်ရှိလာတယ်ဆိုပြီး ကျနော်ကို ဘာသာပြန်လုပ်ရန် တာဝန်းပေးလိုက်သည်၊ ကျနော်လေဆိပ်ကို အသွားမှာ အဘွားကြီး တစ်ယောက်က ကျမ” ကျမ “ရုရှား” ကပါဆိုပြီး ကျနော်ကို ချစ်ရေလာဆိုတာဗျာ ကျနော်လည် ရှက်ကို ရှက်ကန်းနဲ့ ဘာပြန်ပြောရမှန်မသိ မင်းငါကိုပြန်ချစ်ရင် ပါတီ ခေါင်းဆောင်ခန့်မယ်တဲ့ ကျနော်ကို မက်လုံးပေးတာနဲ့ မစဉ်းစားတောပဲ ချစ်တယ်လို့ပြန်ဖြေလိုက်တယ် စကားကောင်းတုန်းဗျာ အဘွားကြီးကို အစိုးရက အလိုရှိတယ်ဆိုပြီး ရဲသားနှစ်ယောက်ဆွဲးခေါ်သွားတာဗျာ ကြည့်လို့ကိုမကောင်း ရဲသားတစ်ယောက်က ကျနော်မြန်မာလို့ ပြောသွားသေးတယ် ခင်းဗျာကိုတော အားနာပါတယ်ဗျာ ကျနော်ကလိုက်မေးလိုက်တယ် ‘ ဘာဖြစ်လိုလဲဗျာ ‘ ခင်ဗျာ ရွှေသန်း သမက် ဖြစ်နေလို့တဲ့” ဒီလို့ပြောပြီး ရဲသားတွေထွက်သွားလေသည် ကျနော်လည် ဆွဲးသွားတဲ့အဘွားကြီးကို ကြည့်နေရင့် အသံတွေ နောက်ကနေဆူညံလိုက်တာဆိုပြီ လှည့်အကြည့် ကျနော် ကို ဒီမိုးကရစ်တစ် ပါတီးကိုယ်စား မေးခွန်းပြောပေးပါရန် ဆိုပြီး တိုက်ပုံအင်္ကျီး ၀တ်ထားတဲ့ ဦးတင့် ကလာပြောတော ကျနော်က “ဘာလို့လဲဗျာ” သူက မင်းပါတီးခေါင်ဆောင်မြောက်လိုက်ပြီးလေ တဲ့ ကျနော်လည် မေးသာမေးလိုက်တာ လူရှေမှာ စကားပြောချင်တာနဲ့ ဘာကိစ္စကို ပြောရမှန်မသိ ပြန်မမေးတောဘဲ စကားပြောမဲ့နေရသို့ တစ်လှမ်းချင်း လှမ်းလာခဲ့ပါတယ် စင်ပေါ်ရောက်သွားတော မေးခွန်းပြောမယ်လို့မကြံသေ လူတွေအုပ်ကြွ အုပ်ကြွနဲ့ ဘာဖြစ်မှန်ကိုမသိ ထွက်ပြေကုန်ရော ကျနော်လည် အနားကတစ်ယောက်ကို ဘာဖြစ်တာလဲလို့ လက်တို့းမေးကြည့်တော စစ်တပ်က အာဏာသိမ်းကြောင့်ကြေငြာလိုက်ပြီးတဲ့ ကျနော်လည် ဖြစ်ချင်ရာဖြစ်ဆိုပြီး စင်ပေါ်ရောက်မှတော မေးခွန်းတော ဖြစ်အောင်ပြောရမှာပဲ လို့ တွေးရင် ladies and gentlemen ! အစရှိလိုက်တုန်းမှာပဲ ဟေကောင်း ၉ နာရီးထို့ပြီး ကျောင်းတက်ရမယ်တဲ့, ဘယ်နယ်ဗျာ ကောင်းခန့်ရောက်မှ. 
1/14/1012
vamsa

Wednesday, January 11, 2012

သိချင်လွန်းလို့

တစ်ခါတုန်က ရခိုင်ပြည်  တောရွာလေး တစ်ရွာမှာ ဘုန်းကြီးတစ်ပါး နိဗ္ဗာန်ရောက်ကြောင်းတ    ရားဟောကြားလေ၏ ဘုန်းကြီးက တရားအဆုံးမှာ တကာ တကာမတွေ မရှင်းတာလေးတွေရှိရင် ကိုယ်တိုင်းလာရောက်မေးမြန်းလျှောက်ထားနိုင်ကြောင်း ထည့်သွင်းပြောကြားသွားလေသည်၊ တရားဟောဆုံးပြီးနောက် တစ်ခါမှတစ်ရားမနာဖူးသော "ချင်း'' အဘွားအိုးတစ်ယောက် က ဆရာတော် ပြောကြားခဲ့သော တရား တွင် "နိဗ္ဗာန်" ဆိုသောစကားကို တော်တော်လေး မရှင်းမလင်းဖြစ်ကာ ဆရာတော် ဆီထံချက်ချင်း နောက်ကနေ ရွာဦကျောင်းသို့လိုက်ပါသွားလေ၏ ၊ ကျောင်းသို့ အရောက်တွင် ဆရာတော် ထံသို့ အောက်ပါအတိုင်းရှောက်ထားလေး၏၊

အဘွားအို=
''ဆရာတော် ဆရာတော် နိဗ္ဗာန် ကောင်းတယ် ကောင်းတယ် လို့ပြောတယ် ဆရာတော်                 နိဗ္ဗာန် ရောက်ဖူးလာ''


ဘုန်းကြီး=

''တကာမရယ် ဦးဇင်းလည် မရောက်းဖူးပါဘူး စာမှာ ပါတဲ့အတိုင်းပြောတာပါ''

အဘွားအို=


""ထားလိုက်ပါ ... ဟုတ်တာလဲ မဟုတ်ဘူး "နိဗ္ဗာန် " ကောင်းတယ် ကောင်းတယ် လို့ပြောပြီးတော ကို ကိုယ်တိုင်လည် ရောက်ဖူးဘဲနဲ့ "" နိဗ္ဗာန် '' ငါ ဟာလောက်တောင်မကောင်း"



ဘုန်းကြီး=
'' ငါဟာ ဆိုတာ ဘယ်ဥစ္စာလည် တကာမ  ''
(စကားချပ်= ဘုန်ကြီးကလည် ဘာမလညှ် သိတဲ့ပုံမပေါ်ပါဘူး)

အဘွားအို=

'''ဟို...... ရခိုင်သူမ မှာလည် ပါတယ်ပေါ့ဝေ ''' ဟုူတည်.၊။။











Monday, January 9, 2012

နွားကျောင်းသား

တစ်ခါက နားမကြားသော ကောင်းလေးတစ်ယောက် ရှိသတဲ့ တစ်နေ့ အဲဒီကောင်းလေးဟာ နွားကျောင်းရင့် ပဲလွှာ လေးဝါးပြီးတော ကားလမ်းမဘေး ဟို့ကြည့် ဒီကြည့် နဲ့ လျှောက်သွားနေလေ၏ . ခဏကြာသော် စစ်တွေ -ရန်ကုန် ပြေးဆွဲးနေသော လှိုင်းကားကြီးက နောက်ကနေ ဟွမ်း တီး လိုက်အေသည် '' ဟွမ်း" '' ဟွမ်း" သို့သော်လည် ကောင်းလေးကတော လားမြဲးအတိုင်း သူ နွားအုပ်ကလေးကို အာရုံးစိုက်း ဆက်သွားနေလေသည် သုံးလေးခါ ဟွမ်းတီးသော်လည် ကောင်းလေးက မကြား သွားမြဲးတိုင်းရှိလေ၏ ၊များမကြာမီ ကားစပါယ် တစ်ယောက် ဒေါ နဲ့ မောနဲ့ ကားပေါ်က ဆင်းလာပြီးတော နွားကျောင်းသားလေးကို
" မင်းသေသွားချင်လာ "ဟွမ်းတီးတာ မကြားဘူးလား" သို့သော် ကောင်းလေးက ပြန်ပြောလိုက်သည်မှာ
အဲ့လို့ဆိုရင် လမ်းမပေါ်မှာ ပဲလွှာ (ပဲစေ့) မစားရဘူးလား ဟူးသည်၊၊

နိယာမ

* အပြုံးတိုင်းအဓိပါယ်ရှိနေရင်
မဲ့တဲ့ခါတိုင်းလည်
ပုစ္ဆာတွေ တွေ့နေတတ်ပြန်တယ၊်

*
အောင်နိုင်တဲ့ခါ အောင်ဟစ်နိင်သလို့
ဆုံးရှူံးတဲ့ခါလည်
ငိုကြွေးဖူးလိမ့်မေ၊
* သို့သော်
အပြုံး နဲ့ အမဲ့
အနိုင်နဲ့အရှုံးဆိုတဲ့
သံသာရာကွေ့
ဝင်ကမ္ဘာအလှဲ့အောက်မှာ
လို့ရာတွေတွဲး
မလွတ်မြောက်နိင်သရွေးတော
မာရသွန်းခရီး
အပြိုင်းနွဲးရအုံးမယ်ဆိုတာဟာ
ဘ၀ပြယုတ် တစ်ခုရဲ့
နိယာမတရားတွေပါ..။။